ထေရုပ္ပတိ အကျဉ်း
ပုညာရာမဆရာတော် အလောင်းလျာကို ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ရှမ်းကန်ကျေးရွာ၌ ခမာ်းတော် ဦးဘိုးလှ၊ မယ်တော် ဒေါ်ခင်စီတို့သ ကောဇာသက္ကရာဇ် ၁၃၂၀-ခူနှစ်၊ တော်သလင်းလပြည့်ကျော် (၁)ရက်၊ ၁၇-၉-၁၉၅၉-ခုနှစ် ကြာသာပတေးနေ့တွင် မီးရှုးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။ သယ်နာမည်မှာ မောင်မြင့်ဇော်ဖြစ်၍ မောင်နှစ်မ (၇)ယောက်တို့တွင် သားဦးရတနာဖြစ်ပါသည်။
အရှင်ပုညနန္ဒ အလောင်းလျာသည် ခေတ်ပညာကို ရှမ်းကန်ကျေးရွာ၌လည်းကောင်း၊ ကဝမြို့နယ်၊ မကြက်ကြီးကျေးရွာ၌လည်းကောင်း၊ ရန်ကုန်မြို့၊ တာမွေ အမှတ်(၁) အထက်တန်းကျောင်း၌လည်းကောင်း၊ အသီးသီး ဆည်းပူးသင်ယူ အောက်မြင်ခဲ့၍ တပ်မတော် (လေ)၌ ၁၂-နှစ်ကြာမျှ တာဝန်ထမ်းဆောင်ခဲ့ပြီး လုပ်သားကောလိပ်၌ တတိယနှစ်အထိ ပညာသင်ယူခဲ့ပါသည်။
ဆရာတော်အလောင်းလျာငည် ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ အသံတော်တရားများ အမှတ်(၁) စာအုပ်ကို ဖတ်ရှုရာမှ သံဝေဂ ရရှိမှု၊ ရွှေဥမင် ဆရာတော်ဘုရားကြီး၏ အဆုံးအမ၊ ကျေးဇူးရှင် ဇနိတာရာမဆရာတော်ဘုရား၏ လမ်းညွှန်မှုများဖြင့် ၁၃၅၃-ခုနှစ်၊ ကဆုန်လပြည့် စနေနေ့ (၂၇-၄-၁၉၉၁)ရက်နေ့၊ နံနက်(၈း၄၅) နာရီအချိန်တွင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဇနိတာရာမငျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇနိတာလင်္ကာရအား ဥပဇ္ဒျယ်ပြုလျှက် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
ပဋိပတ္တိ၊ ပရိယတ္တိ အလုပ်များကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဇန်တာရာမ မိုးကုတ်ဝိပဿနာကျောင်းတိုက် ဆရာတော်ထံ၌လည်းကောင်း၊ ရွှေဥမင်တောရ ဆရာတော်ကြီးထံ၌လည်းကောင်း၊ တောင်စွန်း ဓမ္မဒူတ ဆရာတော် ဘဒ္ဒန္တပညာဇောတ (အဂ္ဂမဟာသဒ္ဓမဇောတိက၊ ဝိသိဋဒီဃ ဘာဏာကနှင့် သီရိပဝရ ဓမ္မာစရိယ)၊ မုဒုံမြို့၊ ကျောက်တလုံးတောရဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌဘိဝံင (ပဉ္စနိကာယ ပိဋကတ္ထယပါဠိပါရဂူ)၊ တောင်စွန်းဓမ္မဒူတ တောရကျောင်း ဘဒ္ဒန္တပညိဿရ (ဓမ္မာစရိယ)၊ မှော်ဘီ ဓမ္မဒူတ ဇေတဝန်တောရဘဒ္ဒန္တဆေကိန္ဒ (ဓမ္မာစရိယ) တို့ထံ၌ ပါဠိစာပေကျမ်းဂန်များကို သင်ယူ ဆည်းပူခဲ့ပါသည်။
ယ္ခုအခါ ဆရာတော်သည် ဝိပ၍နာတရားစခန်းများကို ဒေသအသီးသီးနှင့် ပြည်တွင်း ပြည်ပနိုင်ငံများသို့ လှည့်လည်ဟောပြော ပြသနေစဉ် ၂၂-၁၀-၂၀၀၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ပတ္တနားမြျု့၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီ ဖြစ်ပါသည်။

No comments:
Post a Comment